အရည်ချင်းနှင့် အရည်အသွေး
Snap shot လိုကြည့်ရင်ခွဲရခက်သား။ ဒါပေမယ့် ရှင်းပါတယ်။အရာရာတိုင်းမှာ အရည်သွေးရှိတယ် ။ဒါပေမယ့် အရည်ချင်းမရှိဘူး။တကယ် တော့ အရည်သွေးဟာ innate power ပါပဲ။မူလကတည်းကပိုင်ဆိုင်ပြီးသားအရာဖြစ်တယ်။ဥပမာ - ရွှေဟာ ကြေးထက်စာရင် မူလကတည်းကအရည်သွေးပိုကောင်းတယ်။ဒါကြောင့်လည်းအဖိုးပိုပေးကြတာကိုး။ဒါက သူတို့ကို တွင်းမှတူးတူးချင်းပဲ။ဒါပေမယ့်အရည်ချင်းကျတော့သူတို့ရဲ့ရပ်တည်မှု့အတွက်အရေးပါပါတယ်။ဥပမာ- ရွှေကိုနှစ်အတော်ကြာအောင်ပစ်ထားပြီ၊ ကြေးကိုနေ့စဉ် သန့်စင်ထားပါက
ထိုရွှေထက် ကြေးကိုလူတု့က ပိုပြီး ရွှေဟုထင်ယောင်လာနိုင်သည်။ယင်းမှာ ထိုရွှေ၏ ကိုယ်ပိုင်အရည်သွေး ရှိပါလျက် အရည်ချင်းမရှိသောကြောင့်ပင်တည်း။ စင်စစ် အရည်ချင်းဆိုသည်မှာ ဖန်တီးလုပ်ယူရသောအရာဖြစ်သည်။
Practice Innate power®self-control ®skill & expert Self-management
သို့သော်တစ်ခါတစ်ရံ အရည်ချင်းဖန်တီးရာတွင် innate power မြင့်သူက ပိုသာနေတတ်သည်။ဒီအခြေနေတွင်တော့ သာလွန်သောအရည်ချင်းကိုမဖန်တီးနိုင်ပေ။ဥပမာ- စိန်သည် ရွှေထက် innate power
မြင့်သည်။ မည်သို့ပင် ဖန်တီးဖန်တီး ရွှေသည် စိန်ကဲ့သို့ဖြစ်လာမည်မဟုတ်ပေ။ အကြောင်းမှာ စိန်သည် ကျောက်မာဖြစ်ပြီး ၊ ရွှေသည် သတ်တု ဖြစ်သောကြောင့်ပင်။ထိုသို့ စကတည်းက innate power သည် အကွာကြီးကွာပါက သာလွန်သောအရည်ချင်းကိုဖန်တီး မယူနိုင်ပေ။ ဖန်တီးမိပါက သံထည်မကောင်းသောဓားကို သတ်မှတ် limit ထက်ကျော်လွန်ကာ အပြားခတ်သလိုမျိုးဖြစ်သွားပေလိမ့်မည်။ ပဲ့ရုံသာရှိပြီး နဂိုထက်တောင် ပိုဆိုးသွားနိုင်သည်။
အောင်မြတ်(ရန်ကုန်ပညာရေး)
®
ရှာမယ်
Tuesday, February 12, 2013
my opinion
Subscribe to:
Comments (Atom)