ရှာမယ်

Saturday, October 29, 2016

အရိပ်တော့ရချင်တယ်

ဒီဂနေ့ လူတွေဟာ progress တို့ developတို့လောက်ပဲသိတယ်။ဒါမဲ့ sustainable development ကျဘာလို့မတွေးဖြစ်ကြတာလဲ။
ကျွန်တော်တို့ကျောင်းကိုပြေးမြင်မိတယ် ကျွန်တော်ဆရာကြီး ၃ ယေါက်နဲ့နေဖူးပြီ။ကျွန်တော် မတွေ့ဖူးလိုက်တဲ့ ဆရာကြီးက ကျောင်းပတ်ဝန်းကျင်မှာ နှစ်ရှည်ပင် ၆ ပင်ခန့်စိုက်ပျိုးပေးခဲ့တယ်။အဲဒီဆရာကြီွးရဲ့ကျေးဇူးကြောင့် အခုကျွန်တော်တို့အအေးဓာတ်ရတယ်ဗျာ။ လေကောင်းလေသန့်ရှူရတယ်။ဒါမဲ့ဒီအပင်ဆိုတာဟာလည်းတနေ့သေသွားကြမှာပါပဲ။ဒါဆိုအဲဒီနေ့ပြန်အပူခံရမှာလား။အဲဒီအချိန်ဒီကျောင်းမှာ ကျွန်တော်ရှိချင်မှရှိနေလိမ့်မယ်။ဒါမဲ့ ကျွန်တော့်တပည့်တော့ရှိနေလောက်တယ်။ ကျွန်တော်ကျအအေးခံပြီး သူတို့ကျပူနေပစေပေါ့။လူကြီးမပီသဘူးပေါ့။ ဟုတ်ပါတယ် ကျွန်တော်တို့ဟာ တကယ်ကိုလူကြီးမပီသကြပါ။ လူကြီးပီသတဲ့ဆရာကြီးက အပင်စိုက်ပျိုးခဲ့တယ်။ ကျွန်တော်တို့က အပင်သစ်မစိုက်ပျိုးနိုင်ရင်တောင် ဆရာကြီးစိုက်ခဲ့တဲ့ အပင်လေးတွေကို ပေါင်းသင်း မြက်နှုတ် စသဖြင့် ဆက်ထိမ်းသိမ်းပေးထားနိုင်ရမှာပေါ့။ ဒါမှနောင်လာနောင်သားတွေ အရိပ်ရမှာပေါ့။ အခုကျ အရိပ်နေနေအခက်ချိုးချိုးသာတွေ့ရတယ်။ အပင်ကလေး တစ်ပင်ထပ်စိုက်မယ့်သူ မတွေ့ရ။ ဒီလိုပါပဲ ကျွန်တော်တို့မှာ လိုအပ်တာက အသစ်ဆိုတာကိုထားစေဦးတော့ လက်ရှိနေရာကိုထိန်းထားနိုင်ဖို့အလွန်အရေးကြီးလှပါတယ်။
ဥပမာ ကျောင်းသားတစ်ဦး လက်ရှိအဆင့် ၂၀ မှာရှိတယ်။ သူအဆင့် ၁၉ ထိမတိုးနိုင်ရင်တောင် လက်ရှိအဆင့်မှာဆက်လက်ရှိနေနိုင်ဖို့အရေးကြီးတယ်။
ခုက ထိုးကျသွားတာပဲတွေ့နေရတယ်။ဒါဟာ sustainable development ညံ့တာပဲ။ မိဘတွေကလည်း ရှေ့မကြည့်နောက်မကြည့် အဆင့်တိုးဖို့ပဲ သိပြီး ဇောလွန်နေကြသလားမသိဘူးလေ။ ဆင်ကြ ခြင်ကြဖို့ရာ ပြင်သင်မြင်သင့်တာလေးမို့ ဒီနေရာက အကျယ်မြင်နိုင်ဖို့ အကျဉ်းတင်ပြအပ်ပါတယ်။

၇ နာရီ ၁၉

ဆရာဦးရေးစိန်းဆင်