စာရေးသူသည် PhD ဘွဲ့ရတစ်ဦးမဟုတ်ပါ။
ထို့အတူ လုပ်သက်ရင့်ဝါရင့်ဆရာကြီးတစ်ဦးလည်းမဟုတ်ပါ။ B.Ed ကျောင်းဆင်း ဆရာငယ်တစ်ဦးသာဖြစ်ကြောင်းဦးစွာဝန်ခံလိုပါတယ်။သို့ပါ၍ အမှားပါနိုင်ပါသည်။ ပညာအသစ်ကိုလက်ခံကြိုဆိုပါသည်။
ယနေ့ ခေါင်းစဉ်က တက္က္တသိုလ်ဝင်တန်း အနီးကပ်မြန်မာစာဆိုတော့ ဆရာအများစုစိတ်ဝင်စားမိကြမှာပါ။ အထက်ကတင်ပြခဲ့သလို စာရေးသူဟာ သာမန်ဆရာတစ်ဦးမို့ ဘာအနီးကပ် spot မမပေးနိုင်ပါ။သို့သော် မိမိ၏ နုနယ်လှသောပညာရေးခရီးတစ်လျှောက်ရရှိလိုက်သော အတွေ့အကြုံကို Share ခြင်းသက်သက်သာဖြစ်ပါသည်။
အခုဆို စာမေးပွဲကြီးက နီးကပ်လာပါပြီ။
ကလေးတွေက တကယ့်တကယ်စာကျက်သင့်ချိန်မှာ စာမကျက်ခဲ့ပဲ ခုမှလက်ပန်းကျကာ တော်ပီကွာလို့ ညည်းပြီးလက်မြှောက်တတ်သည့်ကာလဖြစ်သည်။ အမှန်က ကြိုးစားမည့်သူအတွက် အချိန်ဆိုတာ ၁ စက္ကန့်ကျန်သေးရင်လည်း လုံလောက်ပါတယ်။တစ်ခုတော့ ရှိတယ် ဓားတော့သွေးတယ် ဓားသွားကို ဓားသွေးကျောက်မှာ 90 ဒီကရီသွေးမိရင် မထက်သည့်အပြင် ပိုတုန်းသွားနိုင်သည်။ဆိုလိုသည်က နည်းမှန်ဖို့အထူးလိုလှသည်။ ဆရာများအနေဖြင့် အာပေါက်အောင်သင်မည့်အစား ထိမိအောင်သင်ကြားသင့်လှပေသည်။ ဘလိုလုပ်ကြမလဲ။ ဆွေးနွေးခွင့်ပြုပါ။
မှားယွင်းနေတဲ့အယူဆတွေကို အနည်းကျန်းတင်ပြပါရစေ။
ဒီအချိန်ဟာ ကလေးအတော်များများစိတ်ဓာတ်ကျလွယ်သည့်အချိန်မို့ အထူးသတိပြုရမည်မှာ ကလေးများစိတ်ဓာတ်မြှင့်တင်ရေးပင်။ ဒီအချိန်မှာ ဆူဆဲနေမည့်အစား ချော့မော့ကာရနိုင်သမျှစာလုပ်အောင် သိမ်းသွင်းရုံသာရှိသည်။ ကလေးဟူသည် ကလေးအမည်နှင့်လိုက်အောင် မသိတတ်ပါ။ မသိတတ်သူကို ဆူသူက ပို၍မသိတတ်ရာရောက်သည်။လူကြီးပီပါစေ။
ခုဒီဆောင်းပါးမှာ မြန်မာစာသက်သက်သာ တင်ပြခွင့်ပြုပါ။
တခြားဘာသာများကိုလည်း ဆက်လက်ဖော်ပြပေးပါဦးမယ်။
မြန်မာစာဟာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ ဘာသာတစ်ခုဆိုတာ လူတိုင်းလက်ခံပါလိမ့်မယ်။မြန်မာစာလွယ်တာ တရက်ကျရတယ်ထားလိုက်ရင်လည်း ကျသွားနိုင်တဲ့ဘာသာပါနော်။ အထူးသတိထားဖို့လိုပါတယ်။ မိခင်ဘာသာပေမယ့် ဘာသာ branch ကများတော့ တကယ်လေ့လာမယ်ဆို နက်နဲပါတယ်။အချိန်အများကြီးပေးရပါလိမ့်မယ်။
ပထမဦးစွာ စာမေးပွဲဖြေမယ့်ကျောင်းသားဟာ စာကျက်နေရုံနဲ့မပြီးပဲ မေးခွန်းသဘောကို နောကျေနေဖို့လိုအပ်ပါတယ်။
မြန်မာစာမှာမေးခွန်းသဘာဝကတော့
( က ) သဒ္ဒါ က ကျက်စာ နဲ့ လေ့ကျင့်ခန်းပါ
ကျက်စာနဲ့ပတ်သက်ရင် အနည်းဆုံး စာရှစ်စာ/ ဋ္ဌါန်/ ဝါစင်္က တို့ထဲက နှစ်ခုတော့ အရကျက်ထားပေါ့။
လေ့ကျင့်ခန်းဆိုတာကတော့ ဝါစင်္က မှာပါတဲ့ သက်ဆိုင်ရာ သိမှတ်ဖွယ်ရာများပါ( ဥပမာ နာမ်စားဆိုင်ရာသိမှတ်ဖွယ်ရာများ ) အလွတ်မကျက်ပါနဲ့ သဘောတရားရှင်းပြပါ
( ခ )ဝါကျ
ဒီဝါကျ ဟာလွယ်တယ်လို့ ကျောင်းသားများက ထင်ကြတယ်။ ဒါမဲ့ သဒ္ဒါမှန်ဖို့တော့လိုအပ်တယ်ဆိုတာသူတို့ကိုရှင်းပြသင့်တယ်။ဥပမာ နာမဝိသေသနတစ်လုံးကို ကြိယာဝိသေသနနေရာမှာထားရေးရင် ဖျက်ခနဲစဉ်းစားရင်မှန်နေပေမယ့် သဒ္ဒါသဘောအရမမှန်တာသတိထားသင့်ပါတယ်။
( ဂ ) ခေတ်ဆစ်
ဆိုတာ defination ပေါ့။ definate တိကျသော ကလာတာ။ တိကျဖို့လိုပါတယ်။ စကားလုံးတစ်လုံးရဲ့ အနက်အဓိပ္ပါယ်မို့ ဖြီးမကျက်ခိုင်းပါနဲ့။
( ဃ ) မေးခွန်းတို
စာရေးသူတွေ့နေရတယ် ပတ်ဝန်းကျင်မှာ ကလေးတွေမေးခွန်းတိုတွေကို အကြောင်းလိုက်အလွတ်ကျက်နေကြတယ်။ ဒါကို မြင်တာပြောရရင် ဆရာဘက်က ဝတ္ထုဆန်ဆန်ပြောပြမသင်မိတာလို့။ တကယ်တော့ မေးတိုဆိုတာ စာရေးသူဆိုင်ရာအချက်ကလေးတွေပါ။ ဒါတွေအလွတ်ကျက်ခိုင်းစရာမလိုအပ်ပါဘူး။ ကလေးတွေကို by heart ချည်းလုပ်ခိုင်းနေတာတော်သင့်ပါပြီထင်တယ်။ ဆရာများကိုယ်တိုင် စာရေးသူများရဲ့ အတ္ထုပတ္တိကို လေ့လာပြီး
ကလေးများကို မေးလိုက်ဖြေလိုက်နည်းသုံးပြီးမှတ်စေပါ။ဒီအတိုင်းကျက်တာက ရလွယ်မေ့လွယ်ပါဆရာတို့ခမျာ။
( င ) မေးခွန်းရှည် ကဗျာ နဲ့ စကားပြေ
ဒီလိုပါပဲ
အလွတ်ကျက်ခိုင်းကြတာပါပဲ
အရမ်းမှားနေပြီထင်ပါတယ်
မိခင်ဘာသာစကားတောင်အလွတ် ကျက်နေရမယ်ဆို ကလေးတွေ ဘာကိုသွားပြီး ညဏ်ရှင်တော့မလဲဗျာ။သူတို့လိုတာတွေပဲပေးပြီ သူတို့ပါသူတို့ တွေးပါစေဗျာ။
ဆရာတွေက အလင်္ကာသဘောတွေ ဂုဏ်သဘောတွေရှင်းပြပါ ရသသဘောတွေကြေညက်အောင်လုပ်ပါ။
နိဒါန်း နိဂုံးလေး ဘလိုရေးမယ် လမ်းညွှန်ပါ။
စာကိုအတွက် ကဗျာကနေ ဘလို စာကားပြေပြန်ရေးမယ်။ စကားပြေကနေ ဘလိုအချက်လက်ရယူမယ် လမ်းညွှန်ပါ။
ဘလိုမေးရင် ဘာအချက်ကို ဦးစားပေးထည့်မယ် ထောက်ပြပါ။ အထူးသဖြင့်တော့ အရေးအသားနဲ့ အကြောင်းရာ ကွဲအောင်ရှင်းထားပါစေ။ သူတို့လေးတွေ ကိုယ့်ဘာကို ဘလိုမေးမေးဖြေတတ်ပါစေဗျာ။
(စ ) အလင်္ကာ
ဒီအလင်္ကာဟာ လုံးဝကျက်စရာမဟုတ်ပါ။
ရေးနည်းသဘောကိုသာသင်ပါ။
စာပုဒ်တွေက အလကာင်္စာလုံးတွေရှာခိုင်းပြီး ဘာအကြောင်းရာနဲ့ဆက်စပ်ရေးတာကို စာသင်ရင်း နှုတ်မေးနှုတ်ဖြေလုပ်သွားပါ။ ဒါဆိုအဆင်ပြေမှာပါ။
(ဆ) ရေသည် စကားစပ်
ရေသည် ဝတ္ထုကို နောကျေအောင်အကြိမ်ကြိမ်ဘာသာပြန်သိထားပါစေ။ မိမိဘာသာဘာသာပြန်တတ်ပါစေ။ က ကို နေ ရာ ချိန် ခါ ကြောင်း ပြော အတွက် စာပုဒ်တွေဖတ်ကြည့်ကြယင်းက မှတ်မိအောင် နှုတ်မေးနှုတ်ဖြေကလေး နဲ့ ကျင့်ထားပါ။ စာသားကိုတွေ့ရုံနဲ့ ဘယ်အခန်းက ဖြစ်ကြောင်း ဘယ်သူကဘယ်သူ့ကိုပြောကြောင်း ဘယ်အချိန်မှာပြောကြောင်းကို စာပိုဒ်ကို ဘာသာပြန်တတ်ရုံနဲ့သိနိုင်ပါတယ်။ ဘာသာပြန်ဖို့အတွက်တော့ ခေတ်ဆစိတွေသိထားဖို့လိုအပ်နေပါလိမ့်မယ်။
( ဇ ) ရေသည် စာပုဒ်ရှည်
ဒီအတွက် ရေသည်သင်ယင်း တချို့စာသားကျက်စဖွယ်လေးတွေကို သီချင်းလိုဟာသနှောယင်း အလွတ်ရအောင်ပြုလုပ်ထားပါ။ လိုယင် ယူသုံးဖို့ပေါ့။ character တစ်ပုဒ်ကျက် တိုင်းအကိုးကားတွေထပ်ခါကျက်စရာမလိုပါဘူး။ စာသင်ယင်းက ကာရံတူလေးတွေမှတ်မိထားစေပေါ့နော။
နမူနာလေးတွေပဲရေးပြပါ။ ရေးနည်းလေးပြောပြပါ။သူတို့ဘာသာရေးပါစေ။
( စ် )စာစီကံုး
မြန်မာစာဂုဏ်ထူးရဲ့ အဆုံးဖြတ်ဆိုလည်းမမှားပါ။ ဆရာတပည့် ပူးပေါင်းမှု အားကောင်းရင် ရနိုင်ပါတယ်။ ကိုးကားမယ့် ကဗျာတိုလေးတွေ ဆိုရိုးလေးတွေ သိနေပါစေ။ရနေပါစေ။ ဒါကတော့ ကျယ်ပြန့်လွန်းတာမို့ ဒီလောက်ပဲပြောပါရစေ။ စာစီစာကုံးကတော့ များများ လေ့ကျင့်ထား မှတ်ထား နမူနာယူထားမှ တော်ကာကျမှာပါ။ဆရာကြီးတစ်ယောက်ကလမ်းညွှန်ဖူးတယ်။စု တု ပြု တဲ့။ စာစီစာကုံးကောင်းကောင်းရေးချင်ရင် သူများစာကို များများဖတ်ပြီး လိုတာစုပါ။ သူများရေးတာအတုခိုးပါ။ ကိုယ့်ပါကို ပြုစုရေးသားကြည့်ပါ။ဒါပါပဲ။
ကဲဒီလောက်ဆိုရင် မြန်မာစာပတ်သတ်ပြီးကျောင်းသားများသတိထားသင့်တာတွေကို အနည်းငယ်တော့ ရှင်းပြီးဖြစ်ပါလိမ့်မယ်မျှော်လင့်ပါတယ်။
နောက်ဘာသာများလည်း မိမိသိထားတာလေးတွေ share လုပ်ပါဦးမယ်။
ကျောင်းသားများအဆင်ပြေပါစေ။
အောင်မြတ် ( ပညာရေး )