ဆရာတို့ P=F/A ဆိုတဲ့ ဖိအားညီမျှခြင်းမှာ လူအများစုဟာ A နဲ့ P ဟာပြောင်းပြန်ဖြစ်တယ် ။ ဖိတဲ့အရာဝတ္ထုရဲ့အောက်ခြေမျက်နှာပြင် ကြီးရင် ဖိအားနည်းပြီး ငယ်ရင်ဖိအားများတယ်ရှင်းပြရင် ကလေးတွေနားလည်မှုခက်ပီပေါ့။ မျက်နှာပြင်ကြီးက ဖိမှတော့ ဖိအားများမှာပေါ့။ မျက်နှာငယ်ကဖိမှတော့ ဖိအားငယ်တာပေါ့။ တနည်းဆိုရရင် စိုက်အားလို့ပြောပါဆရာပြောကြလိမ့်မယ်။ သူတို့တွေးတာလည်းက လေးအတွေးနဲ့မှန်ပါတယ်။ ဒါကိုဖြေရှင်းပါရစေ။ A ဟာ surface area of body အစစချင်းမပြောပါနဲ့။ A ကို အဖိခံရတဲ့အရာရဲ့အဖိခံမျက်နှာပြင် area လို့စပြောပါ။ ဒီတခါ ပြောပါ။ ဒါကြောင့် အဖိခံမျက်နှာ area ငယ်ရင် ဖိအားက ပိုများနိုင်တယ်။ အဖိခံမျက်နှာပြင် area ကပိုကျယ်/ များရင် ပိုခံနိုင်လို့ ဖိအားနည်းတယ်။ အဲလိုရှင်းပါ။ ဒါမဲ့ အဖိခံမျက်နှာပြင် နဲ့ ဖိတဲ့ဝတ္ထုမျက်နှာပြင်ဟာ တထပ်တည်းထိနေတာမို့ အတူတူဖြစ်တယ်။
ဒါကြောင့် A ဟာ surface area of bodyဖြစ်လာတယ်ရှင်းပါ။
ကလေးများနားလည်ကြပါစေ။
ဆယ်တန်းကို ဂုဏ်ထူးများနဲ့အောင်မြင်ကြပါစေ။
ရှာမယ်
Friday, November 25, 2016
ရူပဗေဒကို ကလေးနားလည်အောင် သွယ်ဝိုက်ရှင်းပြမယ်
တက္ကသိုလ်ဝင်တန်း ကျောင်းသားသူများအတွက်
စာမေးပွဲကနီးလာပြီး guide လည်းမယူနိုင်သူများ
ဆရာ့ blog မှာအချိန်မရွေးစာမေးနိုင်ပါတယ်
ပညာဒါနကုသိုလ်ယူပါရစေ
Subscribe to:
Comments (Atom)