ရှာမယ်

Saturday, November 5, 2016

သမီးလေးနားလည်ပေးဖို့

သမီးလေးရယ် ပထမဦးဆုံး အဖေ့ရင်ထဲက နှိုက်နှိုက်ကာကာပြောချင်တာကတော့ တောင်းပန်ပါတယ် ဆိုတဲ့စကားလုံးလေးပါကွယ်။ သမီးလေးက အသိမရင့်သေးတော့ စိတ်မကောက်တတ်မှန်းဖေကြီးသိပါတယ်။ဒါမဲ့ ဖေကြီးမသိတတ်တဲ့ကလေးလေးဆိုပေမယ့် ဖေကြီးရဲ့အမှားအတွက် သမီးလေးကစိတ်မဆိုးပေမယ့် စိတ်မလုံမိဘူးကွယ်။ အဲဒိနေ့က ဖေကြီးတကယ်ပါကွယ် သမီးလေးဆေးထိုးထားတယ်ဆိုတာတောင် သတိတကယ်မဲ့ခဲ့မိပါတယ်။ ဖေကြီးအလုပ်တွေမှာပဲ စိတ်နစ်နေခဲ့မိတယ်။ ဝင်ငွေအတွက်ရုံးကန်နေရတဲ့ဖေကြီးမှာ သမီးလေးအတွက်အချိန်မပေးနိုင်ခဲ့ဘူးကွယ်။ဖေကြီးကိုဖေကြီးမုန်းမိတယ်။ ဒါမဲ့သမီးလေးရယ် ဖေကြီးတို့ဝန်ထမ်းဘဝဆိုတာ တကယ်တော့ပြည်သူတွေအတွက် တာဝန်ချိန်အပြည့်တာဝန်ထမ်းဆောင်နေရတဲ့ ပြည့်သူ့ဝန်ထမ်းပါကွယ်။ အိမ်ပြန်လာချင်ပေမယ့် သမီးလေးနဲ့တွေ့ချင်ပေမယ့် အချိန်မရတဲ့ဖေကြီးမှာ သမီးလေးရဲ့ဓာတ်ပုံလေးတွေ ကြည့်ရင်းပဲ လွမ်းနေရရှာတာပါကွယ်။ သမီးလေးရဲ့ပါးပြင်နုနုလေးကို သတိရတိုင်း ဖေကြီးဓာတ်ပုံလေးကို ဖွဖွလေးနမ်းနေမိတယ်လေ။ ဝန်ထမ်းဆိုတော့ လစာကလည်းတမိသားစုလုံးမစားရလောက်တော့ သမီးမေမေကိုလည်း ဖေကြီးမျက်နှာမပြရဲတာလည်းပါတာပေါ့ကွယ်။ ဒါတွေရဲ့နောက်ကွယ်မှာတော့ သမီးလေးကိုအဖေကြီးဘလောက်ထိ ချစ်တယ်ဆိုတာတော့ အကြွင်းမဲ့ယုံပါကွယ်။ တလောကဆို ဖေကြီးသမီးလေးအိမ်နားက ကျောင်းမှာလာပီးအစည်းဝေးတက်ရတာတောင် သမီးလေးမျက်နှာလာကြည့်ခွင့် အချိန်မရခဲ့ဘူး။ ဝန်ထမ်းတစ်ယောက်ရဲ့ဘဝ ကိုသမီးကြီးလာရင်နားလည်မှာပါကွယ်။ ဖေကြီးသမီးလေးကိုပြောပြချင်တာက လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာပဲ အကောင်းဆုံးလုပ်နိုင်မယ်။ ဘလောက်ပဲ တော်တော် နေရာတိုင်းတော့ မတော်နိုင်ပါဘူးကွယ်။
ဒီစာစုကို ခုသမီးလေးမဖတ်တတ်သေးပေမယ့် သမီးကြီးလာတဲ့တနေ့ကျရင် သမီးလေးဖတ်ဖို့ အဖေရေးဖြစ်တယ်။

၈ ၁၁ ၂၀၁၆ အင်္ဂါ