ရှာမယ်

Thursday, December 8, 2016

အနီးကပ်တက္ကသိုလ်ဝင်တန်း မြန်မာစာ

စာရေးသူသည် PhD ဘွဲ့ရတစ်ဦးမဟုတ်ပါ။
ထို့အတူ လုပ်သက်ရင့်ဝါရင့်ဆရာကြီးတစ်ဦးလည်းမဟုတ်ပါ။ B.Ed ကျောင်းဆင်း ဆရာငယ်တစ်ဦးသာဖြစ်ကြောင်းဦးစွာဝန်ခံလိုပါတယ်။သို့ပါ၍ အမှားပါနိုင်ပါသည်။ ပညာအသစ်ကိုလက်ခံကြိုဆိုပါသည်။

ယနေ့ ခေါင်းစဉ်က တက္က္တသိုလ်ဝင်တန်း အနီးကပ်မြန်မာစာဆိုတော့ ဆရာအများစုစိတ်ဝင်စားမိကြမှာပါ။ အထက်ကတင်ပြခဲ့သလို စာရေးသူဟာ သာမန်ဆရာတစ်ဦးမို့ ဘာအနီးကပ် spot မမပေးနိုင်ပါ။သို့သော် မိမိ၏ နုနယ်လှသောပညာရေးခရီးတစ်လျှောက်ရရှိလိုက်သော အတွေ့အကြုံကို Share ခြင်းသက်သက်သာဖြစ်ပါသည်။

အခုဆို စာမေးပွဲကြီးက နီးကပ်လာပါပြီ။
ကလေးတွေက တကယ့်တကယ်စာကျက်သင့်ချိန်မှာ စာမကျက်ခဲ့ပဲ ခုမှလက်ပန်းကျကာ တော်ပီကွာလို့ ညည်းပြီးလက်မြှောက်တတ်သည့်ကာလဖြစ်သည်။ အမှန်က ကြိုးစားမည့်သူအတွက် အချိန်ဆိုတာ ၁ စက္ကန့်ကျန်သေးရင်လည်း လုံလောက်ပါတယ်။တစ်ခုတော့ ရှိတယ် ဓားတော့သွေးတယ် ဓားသွားကို ဓားသွေးကျောက်မှာ 90 ဒီကရီသွေးမိရင် မထက်သည့်အပြင် ပိုတုန်းသွားနိုင်သည်။ဆိုလိုသည်က နည်းမှန်ဖို့အထူးလိုလှသည်။ ဆရာများအနေဖြင့် အာပေါက်အောင်သင်မည့်အစား ထိမိအောင်သင်ကြားသင့်လှပေသည်။ ဘလိုလုပ်ကြမလဲ။ ဆွေးနွေးခွင့်ပြုပါ။

မှားယွင်းနေတဲ့အယူဆတွေကို အနည်းကျန်းတင်ပြပါရစေ။
ဒီအချိန်ဟာ ကလေးအတော်များများစိတ်ဓာတ်ကျလွယ်သည့်အချိန်မို့ အထူးသတိပြုရမည်မှာ ကလေးများစိတ်ဓာတ်မြှင့်တင်ရေးပင်။ ဒီအချိန်မှာ ဆူဆဲနေမည့်အစား ချော့မော့ကာရနိုင်သမျှစာလုပ်အောင် သိမ်းသွင်းရုံသာရှိသည်။ ကလေးဟူသည် ကလေးအမည်နှင့်လိုက်အောင် မသိတတ်ပါ။ မသိတတ်သူကို ဆူသူက ပို၍မသိတတ်ရာရောက်သည်။လူကြီးပီပါစေ။

ခုဒီဆောင်းပါးမှာ မြန်မာစာသက်သက်သာ တင်ပြခွင့်ပြုပါ။
တခြားဘာသာများကိုလည်း ဆက်လက်ဖော်ပြပေးပါဦးမယ်။

မြန်မာစာဟာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ ဘာသာတစ်ခုဆိုတာ လူတိုင်းလက်ခံပါလိမ့်မယ်။မြန်မာစာလွယ်တာ တရက်ကျရတယ်ထားလိုက်ရင်လည်း ကျသွားနိုင်တဲ့ဘာသာပါနော်။ အထူးသတိထားဖို့လိုပါတယ်။ မိခင်ဘာသာပေမယ့် ဘာသာ branch ကများတော့ တကယ်လေ့လာမယ်ဆို နက်နဲပါတယ်။အချိန်အများကြီးပေးရပါလိမ့်မယ်။

ပထမဦးစွာ စာမေးပွဲဖြေမယ့်ကျောင်းသားဟာ စာကျက်နေရုံနဲ့မပြီးပဲ မေးခွန်းသဘောကို နောကျေနေဖို့လိုအပ်ပါတယ်။

မြန်မာစာမှာမေးခွန်းသဘာဝကတော့

( က ) သဒ္ဒါ က ကျက်စာ နဲ့ လေ့ကျင့်ခန်းပါ
        ကျက်စာနဲ့ပတ်သက်ရင် အနည်းဆုံး စာရှစ်စာ/ ဋ္ဌါန်/ ဝါစင်္က တို့ထဲက နှစ်ခုတော့ အရကျက်ထားပေါ့။
        လေ့ကျင့်ခန်းဆိုတာကတော့ ဝါစင်္က မှာပါတဲ့ သက်ဆိုင်ရာ သိမှတ်ဖွယ်ရာများပါ(  ဥပမာ နာမ်စားဆိုင်ရာသိမှတ်ဖွယ်ရာများ ) အလွတ်မကျက်ပါနဲ့ သဘောတရားရှင်းပြပါ
( ခ  )ဝါကျ
      ဒီဝါကျ ဟာလွယ်တယ်လို့ ကျောင်းသားများက ထင်ကြတယ်။ ဒါမဲ့ သဒ္ဒါမှန်ဖို့တော့လိုအပ်တယ်ဆိုတာသူတို့ကိုရှင်းပြသင့်တယ်။ဥပမာ နာမဝိသေသနတစ်လုံးကို  ကြိယာဝိသေသနနေရာမှာထားရေးရင် ဖျက်ခနဲစဉ်းစားရင်မှန်နေပေမယ့် သဒ္ဒါသဘောအရမမှန်တာသတိထားသင့်ပါတယ်။

( ဂ ) ခေတ်ဆစ်
    ဆိုတာ defination ပေါ့။ definate တိကျသော ကလာတာ။ တိကျဖို့လိုပါတယ်။ စကားလုံးတစ်လုံးရဲ့ အနက်အဓိပ္ပါယ်မို့ ဖြီးမကျက်ခိုင်းပါနဲ့။

( ဃ ) မေးခွန်းတို
   စာရေးသူတွေ့နေရတယ် ပတ်ဝန်းကျင်မှာ ကလေးတွေမေးခွန်းတိုတွေကို အကြောင်းလိုက်အလွတ်ကျက်နေကြတယ်။ ဒါကို မြင်တာပြောရရင် ဆရာဘက်က ဝတ္ထုဆန်ဆန်ပြောပြမသင်မိတာလို့။ တကယ်တော့ မေးတိုဆိုတာ စာရေးသူဆိုင်ရာအချက်ကလေးတွေပါ။ ဒါတွေအလွတ်ကျက်ခိုင်းစရာမလိုအပ်ပါဘူး။ ကလေးတွေကို by heart ချည်းလုပ်ခိုင်းနေတာတော်သင့်ပါပြီထင်တယ်။ ဆရာများကိုယ်တိုင် စာရေးသူများရဲ့ အတ္ထုပတ္တိကို လေ့လာပြီး
ကလေးများကို မေးလိုက်ဖြေလိုက်နည်းသုံးပြီးမှတ်စေပါ။ဒီအတိုင်းကျက်တာက ရလွယ်မေ့လွယ်ပါဆရာတို့ခမျာ။

( င ) မေးခွန်းရှည်  ကဗျာ နဲ့ စကားပြေ
ဒီလိုပါပဲ
အလွတ်ကျက်ခိုင်းကြတာပါပဲ
အရမ်းမှားနေပြီထင်ပါတယ်
မိခင်ဘာသာစကားတောင်အလွတ် ကျက်နေရမယ်ဆို ကလေးတွေ ဘာကိုသွားပြီး ညဏ်ရှင်တော့မလဲဗျာ။သူတို့လိုတာတွေပဲပေးပြီ သူတို့ပါသူတို့ တွေးပါစေဗျာ။
ဆရာတွေက  အလင်္ကာသဘောတွေ ဂုဏ်သဘောတွေရှင်းပြပါ ရသသဘောတွေကြေညက်အောင်လုပ်ပါ။
နိဒါန်း နိဂုံးလေး ဘလိုရေးမယ် လမ်းညွှန်ပါ။
စာကိုအတွက် ကဗျာကနေ ဘလို စာကားပြေပြန်ရေးမယ်။ စကားပြေကနေ ဘလိုအချက်လက်ရယူမယ် လမ်းညွှန်ပါ။
ဘလိုမေးရင် ဘာအချက်ကို ဦးစားပေးထည့်မယ် ထောက်ပြပါ။ အထူးသဖြင့်တော့ အရေးအသားနဲ့ အကြောင်းရာ ကွဲအောင်ရှင်းထားပါစေ။ သူတို့လေးတွေ ကိုယ့်ဘာကို ဘလိုမေးမေးဖြေတတ်ပါစေဗျာ။

(စ ) အလင်္ကာ
ဒီအလင်္ကာဟာ လုံးဝကျက်စရာမဟုတ်ပါ။
ရေးနည်းသဘောကိုသာသင်ပါ။
စာပုဒ်တွေက အလကာင်္စာလုံးတွေရှာခိုင်းပြီး ဘာအကြောင်းရာနဲ့ဆက်စပ်ရေးတာကို စာသင်ရင်း နှုတ်မေးနှုတ်ဖြေလုပ်သွားပါ။ ဒါဆိုအဆင်ပြေမှာပါ။

(ဆ) ရေသည် စကားစပ်
ရေသည် ဝတ္ထုကို နောကျေအောင်အကြိမ်ကြိမ်ဘာသာပြန်သိထားပါစေ။ မိမိဘာသာဘာသာပြန်တတ်ပါစေ။ က ကို နေ ရာ ချိန် ခါ ကြောင်း ပြော အတွက် စာပုဒ်တွေဖတ်ကြည့်ကြယင်းက မှတ်မိအောင် နှုတ်မေးနှုတ်ဖြေကလေး နဲ့ ကျင့်ထားပါ။ စာသားကိုတွေ့ရုံနဲ့ ဘယ်အခန်းက ဖြစ်ကြောင်း ဘယ်သူကဘယ်သူ့ကိုပြောကြောင်း ဘယ်အချိန်မှာပြောကြောင်းကို စာပိုဒ်ကို ဘာသာပြန်တတ်ရုံနဲ့သိနိုင်ပါတယ်။ ဘာသာပြန်ဖို့အတွက်တော့ ခေတ်ဆစိတွေသိထားဖို့လိုအပ်နေပါလိမ့်မယ်။

( ဇ ) ရေသည် စာပုဒ်ရှည်
ဒီအတွက် ရေသည်သင်ယင်း တချို့စာသားကျက်စဖွယ်လေးတွေကို သီချင်းလိုဟာသနှောယင်း အလွတ်ရအောင်ပြုလုပ်ထားပါ။ လိုယင် ယူသုံးဖို့ပေါ့။ character တစ်ပုဒ်ကျက် တိုင်းအကိုးကားတွေထပ်ခါကျက်စရာမလိုပါဘူး။ စာသင်ယင်းက ကာရံတူလေးတွေမှတ်မိထားစေပေါ့နော။
နမူနာလေးတွေပဲရေးပြပါ။ ရေးနည်းလေးပြောပြပါ။သူတို့ဘာသာရေးပါစေ။

( စ် )စာစီကံုး

မြန်မာစာဂုဏ်ထူးရဲ့ အဆုံးဖြတ်ဆိုလည်းမမှားပါ။ ဆရာတပည့် ပူးပေါင်းမှု အားကောင်းရင် ရနိုင်ပါတယ်။ ကိုးကားမယ့် ကဗျာတိုလေးတွေ ဆိုရိုးလေးတွေ သိနေပါစေ။ရနေပါစေ။ ဒါကတော့ ကျယ်ပြန့်လွန်းတာမို့ ဒီလောက်ပဲပြောပါရစေ။ စာစီစာကုံးကတော့ များများ လေ့ကျင့်ထား မှတ်ထား နမူနာယူထားမှ တော်ကာကျမှာပါ။ဆရာကြီးတစ်ယောက်ကလမ်းညွှန်ဖူးတယ်။စု တု ပြု  တဲ့။ စာစီစာကုံးကောင်းကောင်းရေးချင်ရင် သူများစာကို များများဖတ်ပြီး လိုတာစုပါ။ သူများရေးတာအတုခိုးပါ။ ကိုယ့်ပါကို ပြုစုရေးသားကြည့်ပါ။ဒါပါပဲ။

ကဲဒီလောက်ဆိုရင် မြန်မာစာပတ်သတ်ပြီးကျောင်းသားများသတိထားသင့်တာတွေကို အနည်းငယ်တော့ ရှင်းပြီးဖြစ်ပါလိမ့်မယ်မျှော်လင့်ပါတယ်။
နောက်ဘာသာများလည်း မိမိသိထားတာလေးတွေ share လုပ်ပါဦးမယ်။

ကျောင်းသားများအဆင်ပြေပါစေ။

အောင်မြတ် ( ပညာရေး )


မေးခွန်းကောင်းတစ်ခုဖန်တီးရာဝယ် ၁

မေးခွန်းသည်အမှန်တော့ အနာဂတ်ရတနာလေးများ၏ အရည်သွေးကို တိုးမြှင့်ရာတွင် လက်နက်ကောင်းတစ်ခုဖြစ်ရာ ပြီးစလွယ်မလုပ်သင့်ပါ။ မေးခွန်းတစ်ခု ပြုလုပ်ရာတွင် လက်ခံနိုင်မှုအညွှန်းကိန်းခေါ် Question validity ကိုထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ပုံပါညီမျှခြင်းနှင့်တိုင်းတာနိုင်သည်။ H သည်မေးခွန်းအခက်ကိုဆိုလိုပီး L မေးခွန်းအလွယ်ကိုဆိုလိုသည်။ N သည်စုစုပေါင်းမေးခွန်းရေဖြစ်သည်။ အညွှန်းကိန်းတွက်ချက်ခြင်းအရ ၃၀ မှ ၇၀ ထိသည်လက်ခံနိုင်သောမေးခွန်းဖြစ်သည်။ သို့သော် ၅၀ မှ ၇၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်သည်။ ၃၀ အောက်ရောက်သွားလျှင် ခက်လွန်း၍မသုံးသင့်ပေ။ ထို့အတူ ၇၀ ထက်ရောက်သွားလျှင်လည်း လွယ်လွန်း၍ သုံးရန်မသင့်တော်ပေ။

မေးခွန်းကောင်းတစ်ခုပြုစုနိုင်ပါစေ

အောင်မြတ် ( ပညာရေး )


Tuesday, December 6, 2016

အကောင်းဆုံးအတိုင်းအတာ

လူသည် ဥာဏ်အရှိဆုံးသတ္တဝါဖြစ်ပေသည်။ သူများထက်ပိုတော်သည်။ပြဿနာတစ်ခုကား တော်သည်ဟုဆိုရာ၌ အဆိုးဖက်၌လည်းတော်နေကြခြင်းပင်။
ထို့ကြောင့် လူများသည်မိမိကိုကို တိုင်းတာမှုလေးတစ်ခုလုပ်ဖို့လိုလာသည်။ ရှင်းရလျှင် မိမိပတ်ဝန်းကျင်ရှိ လူအပါဝင် သတ္တဝါတချို့၏ဖြစ်တတ်တဲ့ ဝိသေသလက္ခဏာတွေ ချရေးထားပါ။ သင်၏ ဝိသေသလက္ခဏာနှင်း နှိုင်းယှဉ်ကြည့်ပါ။ အကယ်၍ သင်၏ လက္ခဏာသည် တစ်စုံတစ်ခု ဥပမာ မျောက်နဲ့ပိုတူပါက သင့်ကိုသင်လူမဟုတ်ဘူး မျောက်ဟုမှတ်ပါ။ လူဖြစ်အောင်ကြိုးစားပါ။ တစ်နေ့တစ်ခေါက်အနည်း ဆုံးတစ်ခါတိုင်းတာကြည့်ပါ။ သင်လူဖြစ်လာပါလိမ့်မယ်။ဒါမဲ့ သူများတော့သွားမနှိုင်းပါနှင့်။ သင်ဒါဆို လူထက်ဝက်ဖြစ်နေပီ။

တတ်၍ရေးခြင်း မဟုတ်ပါ။သိ၍ရေးခြင်းမဟုတ်ပါ။ ရေးမိသည်သာ။

Monday, December 5, 2016

သင့်ငါး ခွေးချီမခံစေချင်ရင်

စာရေးသူသည် ဆရာတစ်ဆူမဟုတ်ပါ။တတ်၍မဟုတ်ပါ သိ၍မဟုတ်ပါ။မြင်တာလေးတွေရေးမိသည်ဖြစ်၍ အမှားပါနိုင်ပေသည်။ဝေဖန်မှုကို ခံယူပါမည်။

ခေတ်သည် ၂၁ ရာစုဟုခေါ်နေပီ။ တစ်ယောက်ရှာ၍တမိသားစုလုံးမစားရသောခေတ်ဟုလည်း တင်စားကြပေသည်။ ခုခေတ်မျိုးမှာ တိုးတက်မှုကမြန်သလို
ဆုတ်ယုတ်မှုကလည်းမြန်ပေသည်။ရုပ်သာမဟုတ် စိတ်ကပိုဆိုးနေသေးသည်။ လက်ညှိုးကလေးတွေထိုးတတ်လာကြသည်။မှန်တချပ်တကယ်လိုလာသည်။ကိုယ့်ကိုကိုယ်ကြည့်ဖို့ပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိလူအများစုဟာ အတိတ်ကစားခဲ့ သောက်ခဲ့တာတွေကို စမြုံပြန်ပြီးပဲနေကြသည်။ နောက်နေ့စားဖို့ကျမရှာတတ်ကြပေ။စားစရာပျောက်သွားရင် ခွေးစားသွားလို့ဆိုပီး ခွေးကိုသာလက်ညှိုးလွယ်လွယ်ထိုးတတ်ကြသည်။ခွေးမှန်ရင် ခိုးစားမှာပေါ့။ သူလည်းသူ့စားရရေးအတွက်ရုန်းကန်ရှာတာလေ။သူ့အပြစ်တပြားမှမပါမြင်မိသည်။ အဓိကတရားခံကဘသူလဲ။မှန်ထဲကြည့်ပါ။ အဲဒီလူက ဂရုမစိုက်လို့ အဲဒီလူကစည်းကမ်းမရှိလို့ ခွေးစားခံရတာ။ စသည်ဖြင့် ရဲရဲကြီးဝန်မခံရဲကြ။ ပြင်ဆင်ဖို့အဝေးကြီးပေ။ငါ့ငါးကလေးခွေးစားသွားပြီ ပဲရည်ရွက်နေကြတယ်။ ဒီလိုရည်ရွက်နေရင် နောက်ထပ်သတိလွတ်ပီး ကျန်တဲ့ငါးတောင် အစားခံနေရပါလိမ့်မယ်။ ခွေးကိုထိုးတဲ့လက်ညှိုး ကို့ဘက်လှည့်သင့်ပေပြီ။ဖြစ်ခဲတာတွေ ရှိခဲတာတွေ ထားလိုက်ပါ သင်နဲ့မဆိုင်တော့ပါ သင်မှားခဲတာတွေပါ။ သင်နောက်ထပ် ခွေးဆွဲမခံရဖို့ပဲ လက်ရှိမှာ ကြိုးစားနေလိုက်စမ်းပါ ချစ်မိတ်ဆွေ။

ဆက်ပါဦးမယ်

resistor circuit ပုစ္ဆာအလွယ်ရှင်းကြမယ်

ပေးထားချက်က E သည် 120V။ r သည် 1 ohm ဆိုပါစို့။
ကြိုတင်ပြင်ဆင်ရမှာက

" V တူ I ကွဲပြိုင်ဆက်ပေး
  V ကွဲ I တူတန်းဆက်ယူ
  တန်းသင့်/ ပြိုင်ပြန် R ပေါင်းရန် "  ဆိုတာသိထားရမယ်။

ပတ်လမ်းညီမျှခြင်း I = E/( R+r) ကိုသိရမယ်။

စတွက်ကြမယ်။
ကျွန်တော်တို့လိုတာက စုစုပေါင်း E,R,I ပါ။ ကြီးသုံးကြီးပါ။
ဒါကြောင့် အရင်ဆုံးကြီး ၃ ကြီးရှာပါ။

အဆင့် (1) 4ohm and 3 ohm are connected in series.
series ဆက်ရင် တန်းတော့သင့်မဟုတ်လား။ဒါကြောင့် R ကိုအတည့်ပေါင်းရမယ်။ဒါမယ့် ခုဟာက စုစုပေါင်းမဟုတ်သေးပါ။တန်းဆက် R မို့လို့ Rs တးလို့သုံးမယ်။
Rs= 4+3= 7 ohm

အဆင့်(2) နောက်ထပ် ပုံမှ အတန်း နှစ်ခုနဲ့ 2 ohm ကပြိုင်နေတယ်မလား။ဒါကြောင့် တန်းရင်သင့်ပေါင်းပေါ့။ ဒီတခါ R စုစုပေါင်းမို့ R ဆိုရပီ။
Rs and 2ohm are connected in parallel.
*R= Rs+ 2= 7+2= 9 ohm
စုစုပေါင်း R ရပီ။ စတားပြထားတယ်။

အဆင့် (3)ဒါဆို စုစုပေါင်း E ကရှိတော့ I ကိုရှာရမှာပေါ့။ ပတ်လမ်းမို့ ပတ်လမ်းညီမျှခြင်းသုံးရမယ်။
* I=E/( R+r)
     =12/(9+1)
     =12/10
     =1.2 A

အဆင့်(4) စုစုပေါင်းအကုန်ချရေး
              I= 1.2A
              E=12v
              R= 9ohm
              Rs= 7 ohm

အဆင့်(5) စုစုပေါင်းတွေရရင် တူတူတာယူသုံးရုံးပါ။ဒါကြောင့် အဆင့် ၂ ကိုပြန်ကူးပါ။
Rs and 2ohm are connected in parallel.
parallel မှာ V တူ I ကွဲမလား။ တူတာယူ။ Rs မို့ Vs။ 2ohm မို့ V2ohm  ပေါ့။ တူတာက စုစုပေါင်း E နဲ့။

ဒါကြောင့် Vs= V2ohm = E= 12
V တွေရတာနဲ့ I တွေရှာပါ။ I= V/R နဲ့လေ။

I2ohm= V2ohm/ R2ohm= 12/2=6A ပေါ့။
* Is = Vs/ Rs= 12/7=1.71A ဒါဟာ series ရဲ့ စုစုပေါင်း I ဆိုတာသတိထားပါ။ series နဲ့ ပင်မ I နဲ့ဘာမှမဆိုင်ပါ။အဆင့် ၁  ပြန်ကူးပါ။

အဆင့် (6)
4ohm and 3ohm are connected in series.
series ဆိုတော့ Vကွဲ I တူပေါ့။ တူတာယူသုံးရမယ်။
ဒါကြောင့် I4ohm = I3ohm= Is= 1.71A

I ရတာနဲ့ V တွေရှာတော့။
V4ohm= I4ohm×R4ohm= 1.71×4= 6.84V
နောက်တစ်ခုလိုချင်ရင် စုစုပေါင်းကနှုတ်ပလိုက်ပါ။ရှာလည်းရတယ်။
V3ohm= Vs-V4ohm=12-6.84=5.16V

ကဲ individual တွေရှာပီးပီ ဒီလို့ အဆင့်ပြန်တွက်နည်းလေးက လွယ်မှာပါမှတ်ရတာ။ ကျွန်တော် ကဖုန်းနဲ့ရေးထားတာမို့ ohm ကိုရေးရတာအခက်တွေ့ပါတယ်။


အဆင်ပြေကြပါစေကွယ်။


Sunday, December 4, 2016

ဝမရှိပဲဝိလုပ်ကြမယ်လေ (သို့) lesson plan ဘလိုရေးမလဲ / ဘာကြောင့်ရေးရမလဲ

ဒီစာရေးသူဟာ ဆရာတစ်ဆူမဟုတ်ပါ။ဒါကြောင့် ကို့ခံစားချက်လေးကိုချရေးမိတာမို့ အမှားပါကောင်းပါပါလိမ့်မယ်။ လမ်းညွှန်မှုကိုခံယူပါမည်။

ကျွန်တော်ပတ်ဝန်းကျင်ကလူတွေကိုကြည့်မိတော့ တစ်ခုလေးမြင်မိသလိုပါပဲ။ ဘာရယ်မဟုတ်ပါ သူတို့က ဝေဖန်ရေးသမားပိုများလာသလိုပါပဲ(ဒီစကားဟာ ဘယ်သူ့မှမရည်ရွယ်ပါနော်) ။အလုပ်ကနည်းနည်း အပြောကများများဖြစ်လာတယ်။စာရေးသူကျွန်ုပ်ကိုတိုင်လည်းဒီပုပ်ထဲကဒီပဲဖြစ်နေမိတယ်။ သူတို့မှာ မွေးကတည်းကအမေပေးတဲ့ လက်ဆယ်ချောင်းမှာ လက်တစ်ချောင်းပဲ နေ့တိုင်းအလုပ်လုပ်ကြတယ်။ အဲဒီလက်ကလက်ညှိုးပါပဲ။ သူများအလုပ်တစ်ခုလုပ်နေရင် ဝင်ကူညီမယ့်အစား လက်ညှိုးထိုးစရာလေးတွေ လိုက်ရှာနေတတ်ကြတယ်။ ပြောခွင့်ရလိုက်တာနဲ့ ဟိတ်ငါကွ သူ့ဟာကွက်ချပြနိုင်ပြီ ဆိုတာပဲပျော်နေကြတယ်။ ငါ့ကိုသူများဝေဖန်တာမခံရအောင် ဘလိုနေရမလဲကျမသိတော့ဘူးလေ။ ကိုကမှားနေမိရင့်တော့ ငါမမှားဘူး ငါမှန်တယ်ချည်းပဲ။ ယောက်ျားပီသတဲ့ မှားကိုဝန်ခံပြီးအမှန်ပြင်တတ်တဲ့စိတ်မြန်မာမှာပျောက်တော့မယ်ထင်တယ်။
အထူးသဖြင့် လူကြီးမိဘတွေပေါ့။ ဒီလူကြီးလုပ်တဲ့လူက မကောင်းရင် နောက်လိုက် follower လေးတွေဘလိုလုပ်ကောင်းပါတော့မလဲနော်။
တနေ့ စာရေးသူလမ်းအသွားမှာ ကလေးတစ်ယောက်စကားမေးတာကြားတယ်။ ' အဘ သူခိုးတွေဘာကြောင့်ခိုးတဲ့ ' ။ အဘဖြေလိုက်တာများလွယ်နေတယ်။ ' ငွေလိုလို့ခိုး ' တဲ့။ ကလေးတွေအားကိုးတဲ့ ဒီအဘကဒီလိုပဲပြောနေတော့ ဒီကလေးလည်း ငွေလိုရင် ခိုးတော့မပေါ့နော်။ တော်သေးတယ် ဒီကလေးက လူတွေဘာကြောင့်သတ်မမေးလို့။  ထားပါတော့လေ ။
ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ဝမရှိပဲဝိလုပ်ကြမယ်ဆိုတဲ့ ဆောင်းပါးလေး ရေးမိပါတယ်။ ကျွန်တော်တို့လက်ညှိုးကို အများကြီးမထိုးပဲနေကြရအောင်လား။ လက်ညှိုးထိုးမယ့်အစား လက်မကိုထောင်နိုင်အောင်ကြိုးစားကြမယ်။ ဘာမရှိလို့ ညာမရှိလို့လို့ အကြောင်းပြချက်တွေရှာနေကြမယ့်အစား ရှိတာလေးတွေနဲ့ ဘလိုအကောင်းဆုံးအလုပ်လုပ်ကြမလဲစဉ်းစားကြရအောင်။ reasons တွေများလွန်းနေရင်တော့ ကိုကိုယ်တိုင်ကမဟုတ်တာပါ။ ဥပမာဗျာ ။ ။ ပညာရေးလောကမှာ ဆိုပါတော့။ လစာနည်းလို့ကျူရှင်သင်ရတယ် ဆိုတာနားကြားကောင်းသေးတယ်။ ဒါမဲ့ တို့ကလက်တွေ့ပဲလုပ်တတ်တယ် စာရင်းဇယားပေါ်မှာချမရေးတတ်ဘူး။ ပါးစပ်ပြောမလုပ်ဘူး။ ဆိုတာကတော့ အလုပ်မလုပ်ချင်လို့ နည်း၂ပျင်းတဲ့စကားလားမသိလို့ဝေဖန်ပါရစေ။ ဟုတ်တယ် ပေးတာနည်းတာက သူတို့ဘက်ကလိုတာ။ ဒီဘက်ကလူတွေလဲ ဘယ်နယ်ပယ်မှာမဆို ပညာလိုအိုသည်မရှိဆိုတာနဲ့အညီနေသင့်တယ်။ ကို့ရဲ့အလုပ်ကိုတော့ အကောင်းဆုံး လုပ်ပေးရမယ်လေ။ဟိုဟာလေးက ခိုင်းစရာလား ဒီဟာလေးကခိုင်းစရာလား ဆိုတာက ဝန်ထမ်းလောကရဲ့ ဘန်းစကား အတင်းစကားဖြစ်လာနေတယ်။ တကယ်အချောင်ခိုသမားတွေများလာနေပြီထင်တယ်။ သူကသတ်လို့ကိုကသတ်ဆိုတာလဲ နည်း၂များမလားမသိဘူးနော်။ ကိုကကို့အလုပ်ကိုတော့အမှန်လုပ်နေရင်ပီးရော့မလား။
အထက်ကစကားနဲ့ပတ်သက်လို့ပြောရရင် တို့ပညာရေးတက္ကသိုလ်မှာ lesson plan တို့ note of plan တို့ စတာတွေသင်တယ်။ မလိုအပ်ရင် ဘယ်တက္ကသိုလ်ကမှ သင်မယ်မထင်ဘူးနော်။ တကယ်လိုလို့ပါ။ ဟုတ်ပါတယ် ကျွန်တော်တို့မှာ သင်ထောက်ကူဆိုတဲ့ ဝမရှိတာသေချာပါတယ်။ ဒါမဲ့ ဝိလုပ်တတ်ရမယ်လေ။ ကျွန်တော်တို့ဝိလုပ်ဖို့ lesson plan ဆိုတဲ့ စာအုပ်နဲ့ ဘောပန်တစ်ချောင်းတကယ်လိုအပ်တယ်ထင်တယ်။ ကျွန်တော်မြင်မြင်နေရာတယ် ပတ်ဝန်းကျင်မှာ ကျူရှင်သမားတွေ အချိန်မအားရှာလို့လား တကယ်ပါရမီရှင်ဖြစ်နေလို့လားမသိ ဘယ် section ပဲသင်သင် နှုတ်တိုက် အမှားမရှိ သင်တော့တာပဲ။ ဒီနေရာမှာပြောချင်တာက သတိမမူဂူမမြင်တဲ့။ ပညာရှိပဲဖြစ်ဖြစ် သတိမမူမိရင် ဂူတောင်မမြင်မိဖြစ်တတ်တယ်။ ဘလောက်ပဲတော်တော် နှုတ်တိုက်သင်ရင် ကြက်တူရွေးစကားသင်တာပဲနေမှာပါ။ တကယ်ကလေးတွေကိုချစ်ရင် သူတို့ကို တကယ်တတ်အောင်သင်ပေးပါ။ ဘယ် Material မှမလိုပါဘူး။ lesson plan လေးပဲလိုတယ်။ ကျွန်တော် တို့ရဲ့ lesson plan ဟာနာမည်က lesson plan ဆိုပေမယ့် question plan တခါတရံ all plan ဖြစ်ရမယ်။ ရှင်းရရင် ဗျာ နက်ဖြန်သင်ခန်းစာ သင်တော့မယ် ဆိုရင် ကျွန်တော်တို့ ဘာမှမပြင်မဆင်သွားသင်ရင် ကျွန်တော့် ဥနှောက်ထဲရှိတာလောက်ပဲ ကလေးသိရမှာ။ ဒီအတွက် lesson plan လိုတယ်။ နက်ဖြန်ဘာကို သင်မယ်။ ဘယ်အကြောင်းရာနဲ့ ဆက်စပ်သင်မယ်။ ဘယ်နည်းသုံးမယ်။ ဘယ်သူကညံ့ပီးဘယ်သူကဘာမေးလာရင် ဘာတွေဖြေမယ်။စတာတွေကို ကြိုပြင်ဆင်ထားမှပိုအဆင်ပြေပါလိမ့်မယ်ထင်ပါတယ်။ ပြင်ဆင်မထားပဲတန်းပြောတဲ့ အတွေ့ကြုံရှိအစီစဉ်တင်ပြသူထက် ကြိုတင်ပြင်ဆင်ထားတဲ့အစီစဉ်တင်ပြသူကပိုကောင်းသလိုမျိုးပေါ့။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်တာကတော့ပိုသာပါလိမ့်မယ်။ ဒါကြောင့် မလိုဘူးမဟုတ်ပါ။ လိုပါတယ်။မလုပ်ချင်ဘူးပဲပြောသင့်တယ်။ ဒီနေရာမှာ အရေးအကြီးဆုံးက မေးခွန်းထုတ်တာပါပဲ။ ကျွန်တော်တို့ knoledwe,compre,appl,analy,syn,evau, အဆင့်ဆင့်မေးခွန်းထုတ်ရမယ်။ မေးခွန်းဟာ ကျောင်းသားတစ်ယောက်တတ်မတတ်ကို ဆုံးဖြတ်ပေးမယ့် အဓိကအစိတ်အပိုင်းကြီးတစ်ခုပါ။ ဒီဟာကို ပြီးပြီးရောမလုပ်သင့်ပါဘူး။ ဒါကြောင့် မေးခွန်းတွေကို ဘလိုမေးမယ်။ ခလေးဆီက ဘယ်အတိုင်းတာထိသိဖို့လို့အပ်မယ်။ ဘယ်လိုမေးခွန်းမျိုးမေးမယ်။စတဲ့အချက်တွေနဲ့စဉ်းစားပြီး LP မှာကြိုပြီးမေးခွန်းထုတ်ထားရပါမယ်။ ပီးခါမှ ကို့မေးခွန်းအတိုင်း အဆင့်မီအောင်သင်ကြားသင့်ပါတယ်။ အခုဟာက သင်တာတခြား မေးတတခြားဖြစ်နေတတ်တယ်ထင်ပါတယ်။ဥပမာ ကိုကသင်တာက ဗီယက်နမ်နိုင်ငံရဲ့ကျယ်အဝန်းဆိုပါတော့။ မေးထားတာက ဗီယက်နမ်နိုင်ငံရဲ့ရာသီဥတုလိုမျိုးပေါ့။
တဖက်မှာ မေးခွန်းဟာ လွယ်လွန်းတာလည်းမဖြစ်သင့်ပါ။ ဥပမာ ပန်းဆယ်မျိုးကိုဖော်ပြပါဆိုတာ ဟာ ကလေးကိုလက်ရေးသတ်ပုံစစ်ချင်လို့မျိုးလားမသိ။ဒီအစား ဥပမာ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဟာအိမ်နီးချင်းဖြစ်တယ်။မြန်မာမှာက ဒီလိုအပူချိန်ရှိတယ်။ ထိုင်းမှာဆိုရင်ရောဘလောက်ရှိလောက်လဲ။ စသဖြင့်ပေါ့။ ပီးခါမှ ကလေးတွေက အိမ်နီးချင်းဆိုတော့ နည်းနည်းတူမှာပေါ့ဆိုပြီ ဆင်ခြင်စဉ်းစားတတ်လာမှာပေါ့။ အလွတ်ကျက်ပြီး သင်ခိုင်းတာ ဘယ်သူတွေလဲဆင်ခြင်သင့်နေပီထင်တယ်။ အမြဲတမ်းသူများချည်းမထိုးပြစေချင်ပါ။ စာမေးပွဲမေးခွနင်းလုပ်ဖို့ ပညာရေးတက္ကသိုလ်မှာ questuon  validity  သင်ရတယ်။ ခုအဲဒီ validity ဘယ်ရောက်နေကြသလဲ။ အချိန်မရှိလို့များလား ပညာပြချင်လို့များလား လွယ်လွန်းနေတယ် သင်္ခန်းစာနှံစပ်မှုမရှိ ခက်လွန်းနေတယ် အဲလိုမေးခွန်းတွေပဲမြင်မြင်နေရတယ်။ တချို့ပုစ္ဆာများဆို ဆရာကတောင် ရှင်းမကျင်းဘူး။ နောက်တစ်ခုက ပညာရေးတက္ကသိုလ် မှာမေးခွန်းထုတ်ဖို့သင်တယ်။ ခုတော့ သင်္ချာစတဲ့ဘာသာတွေအသာထား မြန်မာစာတောင် မေးခွန်းဟောင်းအတိုင်း ကွက်တိမေးခွန်းထုတ်တတ်တဲ့ လူတွေများလာနေပီ။ ဒါတွေကိုဖြေရှင်းဖို့ LP ဟာ essential ပါပဲ။ အနာဂတ်မှာ လက်ညိုးမသုံးပဲ လက်မသုံးတဲ့နိုင်ငံကြီးဆီဦးတည်ကြရအောင် မိတ်ဆွေများတို့။

Thursday, December 1, 2016

ဆယ်တန်းဆရာသိသင့်တာ ၁

ဒီစာမရေးခင်အရင်ဆုံးတောင်းပန်ပါရစေ
ကျွန်တော်ကပညာပေးသက်သက်ရေးတာပါ ကျွန်တော့်စကားအသုံးနှုန်းမှားခဲ့ရင်ခွင့်လွှတ်ပါ

တကယ့်ဖြစ်ရပ်မှန်ပါ
တခြားဆရာတွေလည်းကိုတွေ့ဖြစ်ဖူးနိုင်ပါတယ်။
သတိထားစေဖို့မျှဝေပါရစေ။ တနေ့က ဆရာတစ်ယောက်အတန်းထဲ ဝင်တော့တပည့်မလေးတစ်ယောက်ဟာ စာထဲစိတ်မဝင်စားဘဲ ငေးနေတယ်။ ဒါကိုဆရာကမြင်တော့ အပြစ်တင်တယ်။ ဘာလို့ငေးလေပေါ့။ ဒီလောက်ပဲပြောရသေးတယ်ကလေးမကငိုပြီလေ။ ဟ ဆရာလည်းဒေါပွသွားတာပေါ့။ ငါဘာလုပ်လိုက်လို့လဲပေါ့။
ဒါနဲ့ဆရာက ထစမ်းလို့ပြောတယ်။ ကောင်မလေးကမထ။ ငေးပြီးမျက်ရည်ဝိုင်းစက်၂နဲ့ကြည့်နေတယ်။ နင်ငါ့ကို အားမနာတာလား လို့ပြောလည်းမထဘူးး။ နောက်ဆုံး သူမထလိုက်တော့ သူမသူငယ်ချင်းမလေးတွေက ဟခနဲ ဟင်းခနဲ ။...
ဆရာကလည်းငါမှားပါပြီလို့သိလိုက်ချိန်နောက်ကျသွားပြီ။
သူမနောက်နေ့ရှက်လွန်းလို့ ကျောင်းကထွက်တဲ့အထိ ပြန်မလာတော့ဘူးတဲ့။

ဘာကိုဆိုလိုမှန်း ဆရာတို့သိကြမှာပါ။
ကိုက ပညာတတ်ပဲ ဆယ်ကျော်သက်တွေနဲ့ ပတ်သက်နေရသူမို့ CHILD PSYCHO သာမက ဆေးပညာပိုင်းလည်းပနည်းငယ်နားလည်ဖို့လိုပါလိမ့်မယ်။ နေရာတိုင်းလည်း ငါ ဆိုတဲ့အတ္တနဲ့ စိတ်မမြန်ကြစေချင်။