ကလေးတို့ကိုဒီနေ့သင်ပေးချင်တာကတော့ တွက်နည်းအမှန်ကိုပါပဲ။
ကလေးတို့ဟာ ဆရာသိသလောက် ပုစ္ဆာတွက်ရင် ပေးထားချက်က စတွက်တတ်ကြတယ်။ဒါ မဟာ မဟာ အမှားကြီးပါပဲကွယ်။ ပေးတိုင်းသုံးရတာမဟုတ်ဘူး။ ဥပမာ physics အခန်း ၄ ကကြိုးပုစ္ဆာမှာ အပူပေးထားရင်ဘာမှသုံးစားမရဘူးမလား။ဒါကြောင့် ဒီနေ့ရှင်းပြချင်တာက ပုစ္ဆာဘယ်ကစတွက်ရမလဲဆိုတာပါပဲ။
ပုစ္ဆာတစ်ပုဒ်တွေ့ပီဆိုရင် မေးထားချက်ကိုအရင်ချရေးပါ။ပီးမှပေးထားချက်ကို အသုံးချပါ။ ဆရာကဒီနည်းကို သူခိုးဖမ်းနည်းလို့တင်စားပါတယ်။ သူခိုးတစ်ယောက်ဟာ ပစ္စည်းခိုးသွားလို့ သူခိုးကိုသိချင်ရင် အရင်ဆုံးသူခိုးကစရတယ်။ သူကျန်ခဲ့တဲ့ အချက်တွေရှာရတယ်။ သူနဲ့ဖြစ်နိုင်တာအကုန်စဉ်းစားသုံးသပ်ရတယ်။ ဥပမာ ငွေခိုးသွားတာဆိုရင် ခုတလောဘယ်သူငွေတွေဒရဟော သုံးနေသလဲပေါ့။ အစတော့ သုံးသူအချို့တွေ့လိမ့်မယ်။ အဲဒိထဲကမှ ဘယ်သူကအဖြစ်နိုင်ဆုံးလဲ သုံးသပ်ရမယ်။ အဲလိုသုံးသပ်ဖို့အတွေ့ကြုံလိုတယ်။ ဒီလိုပါပဲပုစ္ဆာများ၂တွက်ထားတဲ့လူက ပိုမြန်မြန်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ယေဘုယျအားဖြင့် ပုစ္ဆတစ်ပုဒ်ကို လွယ်၂နဲ့မြန်၂တွက်ချင်ရင် -
၁။ ပုစ္ဆာများများ တွက်ထားပါ
၂။ ပုံသေနည်းအကုန် နားလည်အောင်လုပ်ထားကျက်ထားပြီးဖြစ်ပါစေ
၃။ ပုစ္ဆာကို အစဆုံးသေချာ နားလည်အောင်ဘာသာပြန်ပါ။
၎။ မေးခွန်းမေးထားတာဘာလဲ ဘာကိုလဲ အသေချာသိပါစေ။
၅။ မေးတဲ့မေးခွန်းနဲ့သက်ဆိုင်တဲ့ ပုံသေနည်းအကုန်ချရေးပါ။
၆။ အဲဒီထဲက အသင့်တော်ဆုံးနဲ့ အလွယ်ဆုံး ပုံသေနည်းကို အသုံးချပါ။
၇။ ယူနစ်မှန်မမှန် စနစ်မှန်မမှန်ပြန်စစ်ပါ။
ဥပမာ ။ ။ A car starts from rest and gets an acceleration of 4m/s2 to reach a distance of 8m.What is its velocity when it reaches there?
ဒီပုစ္ဆာ ကိုတွက်မယ်ဆိုပါစို့။
ပထမပေးထားချက် ရေးပါ
v0 = 0 m\s ( from rest )
a= 4m\s2
s=8m
v=?
ပေးထားချက်အကုန်ရေးပြီးပြီ။
ဒီတခါစဉ်းစားရတော့မယ်။ဒီနေရာဟာအရေးအကြီးဆုံးပါ။
ပေးထားချက်ကစမစဉ်းစားပါနဲ့။ မေးထားချက်ကစစဉ်းစားပါ။
ဆိုတော့ နောက်ဆုံးအလျင် v ကိုမေးထားတယ်။ ဒီတော့ သူနဲ့ပတ်သက်တဲ့ ပုံသေနည်းအကုန်ချရေးပါ အကြမ်းမှာပေါ့။ နောက်ကျွမ်းကျင်လာရင် ဥဏှောက်ထဲမှာပေါ့လေ။
v=s/t , v2=v02+2as,စသည်ဖြင့်ချရေးပါ။
ပီးမှ ပေးထားချက်နဲ့ ကိုက်ညီမညီကြည့်ပါ။
ကိုက်ညီတယ် ဆိုတာက မေးထားတဲ့ v ကလွဲရင် ကျန်တာအကုန်သိတာပြောတာ။ဒါမှ တွက်ရမှာပေါ့။
အတွေ့အကြုံအလေ့အကျင့်ကတော့အရေးအကြီးဆုံးပါ။
ခုပုစ္ဆာမှာဆို အချိန်မပါတာမြင်တာနဲ့ အချိန်မပါတဲ့ပုံသေနည်းဟာ
v2=vo2+ 2as တစ်ခုသာရှိတာတန်းသိလိမ့်မယ်။
နောက်ဆုံးအစားသွင်းရင် အဖြေထွက်ပီပေါ့နော်။
ကလေးများအဆင်ပြေကြပါစေ။
မှတ်ချက်။ ။ ဒီစာစုဟာ ပုစ္ဆာဘယ်ကစတွက်ရမယ်မှန်းမသိတဲ့ ကလေးများအတွက်သာ။ တော်ပြီးတတ်ပြီး ဆရာ တပည့်များကိုဆရာခံခြင်းမဟုတ်ပါ။ လမ်းညွှန်မှုကိုခံယူပါမည်။
အောင်မြတ်
၂၈.၁၁.၂၀၁၆