ရှာမယ်

Wednesday, November 30, 2016

တဆေမှင်စာ နှင့် ဆယ်တန်း

ကျွန်တော်ကပါရဂူကြီးတစ်ယောက်တော့မဟုတ်ဘူးပေါ့
ဒါမဲ့ ကို့အတွေ့ကြုံလေးကိုမျှဝေတာမျိုးပေါ့
ဆရာကြီး မောင်ဒီပကိုအားကျတာမျိုးလည်းပါတယ်လေ။

တကယ့်အဖြစ်ပျက်ပါ
လွန်ခဲတဲ့နှစ်တချို့က ကယ်တင်ရှင်ဆိုတဲ့နာမည်နဲ့ နှစ်ကျနေတဲ့ကလေးတွေကို ကယ်တင်ပေးဖို့ဆုံးဖြတ်ခဲ့ဖူးတယ်။အဲဒီတုန်းက ကလေးမလေးတစ်ယောက်ပါလာတယ်။ သူ့နာမည်က ပန်းဝတ်ရည်တဲ့။ သူက ၃ နှစ်တောက်ကျထားတာ။ ဒါနဲ့သူ့အခြေနေကလည်းအတော်ကောင်းတယ်။ကျစရာကိုမရှိပါ။ အဲဒီကလေးမလေးမှာကဇတ်လမ်းနဲ့။ သူ့ကို စုန်းပြုထားဆိုပဲ။ ကိုင်ထားတယ်ပေါ့လေ။ တခါတလေသူဝတ်ထားတဲ့အဆောင်တွေတောင်လေထဲပျောက်ထားဆိုပဲ။ ဘယ်လိုချွတ်ချွတ် စုန်းကနိုင်နေတယ်တဲ့။ ဒါနဲ့ပဲ စာမေးပွဲနီးပီးဆိုရင် နေမကောင်းအောင်လုပ်ပြီး စာမေးပွဲမဖြေနိုင်အောင်လုပ်တော့တာပဲတဲ့။ ဟုတ်လည်းဟုတ်တယ်ဗျ။ ကျွန်တော်နဲ့စာကျက်တာ ည ၈ နာရီဆိုသူမကို စုန်းဝင်ပူးတော့တာပါပဲ။ အချိန်မှန်ပါပဲ။ တကိုယ်လုံး ထုန်ကျဉ်တက်လာပဲ လည်ပင်ကြော ဇက်ကြောတယ်တက်လို့ စာမဖတ်ချင်တော့ဘူးဆရာ အိပ်ပါရစေပဲပြောနေတယ်။ နေ့တိုင်း။ နှစ်ဝက်ရောက်တော့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ရတယ်။ သူမစုန်းပြုစားခံရတော့မယ့်အချိန် ည ၈ နာရီလောက်ဆိုရင်
ကျွန်တော် တုတ်အကြီးကြီးတစ်ချောင်းကိုင်ထားတယ်။
အိပ်ချင်ရင် နရင်းကိုဆော်မှာနော်လို့ကြိမ်းဝါးလိုက်တယ်။ ကျွန်တော်ပဲကံကောင်းတာလားမသိဘူးဗျာ။သူမကိုစုန်းမပြုနိုင်တော့ဘူးလေ။ အချိန်တန်တော့ စာမေးပွဲကို ဂုဏ်ထူးမှတ်နဲ့ကပ်လို့အောင်ရှာတယ်။ အဲဒိနေ့ကစလို့ ဘာပြုစားသံမျှမကြားရတော့ဘူးဗျ။ ပြုစားတာလား ပျင်းလို့ဇတ်လမ်းဆင်တာလားကျွန်တော်လည်းမသိဘူးဗျ။
ဘာပဲဖြစ်ဖြစ် သူလာကန်တော့သွားတဲ့ ပုဆိုးလေးကိုမြင်တိုင်း အဲဒိအဖြစ်ပျက်လေးကို သတိရမိဆဲပေါ့ တပည့်မလေး။

မြန်မာမှာတိုးတက်နေတာတွေ ၁

ကျွန်တော်က ကျောင်းဆရာဆိုတော့ ကျောင်းနေပယ်ကိုပြောပါရစေ
တနေ့ကစစ်ဆေးရေးရောက်မယ်ပြောတော့
ကျွန်တော်ဒဲ့ပဲပြောပါရစေ
အခုမှအလုပ်ဝင်ခါစမလည်မပေကျွန်တော်တို့ဝန်ထမ်းသစ်ကလေးတွေက (ကြောက်လို့လုပ်တယ်ပဲ ထားပါတော့)
သင်နည်းမှတ်စုတွေတင်ကြတယ် နေ့စဉ်မှတ်တမ်းစတာတွေတင်ကြတယ် ဒါကိုကြည့်ပီး လုပ်သက်လား စားသက်လားမသိ( အမှန်ပြောတယ်) များတဲ့လူတွေက ခနဲ့တယ်။ လမ်းညွှန်တယ်။ လုပ်စရာမလိုပါဘူးဟေတဲ့။ ငါတို့ကိုစစ်မှာမဟုတ်ဘူး။ဆရာမကြီးပဲဆူမှာတဲ့။ ကဲကောင်းလိုက်တဲ့လမ်းညွှန်ချက်။ လိုက်တုရင်မိုက်ပီ။
ကို့အလုပ်ကိုလုပ်တဲ့ ကျွန်တော်တို့ကပဲ အချိန်အားယားယားးလုပ်နေသလိုလိုပါလိုလို။ ကျွန်တော်သူတို့ကို မုန်းလို့ဒီစာတင်တာမဟုတ်ပါဘူး။ ဒီလိုမျိုးတွေ တခြားဌာနမှာလည်းရှိနိုင်တယ်။ ဟီရိသြတ္တပတရား မကောင်းမှုပြုရမှာရှက်ကြာက်ရမှာ မြန်မာတွေမသိကြတော့တာလား။ ဒါမှမဟုတ် ဒီလိုပဲမျှောလာတော့ ကျင့်သားရနေတာများလား။
ချွင်းချက်အနေနဲ့တစ်ခုတော့ပြောချင်တယ်။ ကျွန်တော်တို့မှတ်စုတွေရေးတာတောင် စစ်ဆေးမယ်ဆိုမှ တပတ်အလိုရေးကြတာဝန်ခံပါတယ်။ ဒါမယ့် နေ့စဉ်သူ့အလုပ်ကိုပုံမှန် လုပ်တဲ့ လုပ်သက်ရင့်ဆရာတစ်ဦးလည်းတို့ကျောင်းမှာရှိတယ်ဆိုတာပြောပါရစေ။ တစ်ခုတော့ရှိတယ်။တို့ကျောင်းမှာ သူ့ကိုအရူးလို့သတ်မှတ်ကြတယ်။ စေ့စပ်လွန်းသူ သို့  ဂျစ်ကန်ကန်လေးပဲလို့လည်းတင်စားကြတယ်။ တခုရှိသေးတယ် စစ်ဆေးပြန်သွားတော့လည်း ပြောစရာတစ်ခုကျန်ခဲ့တယ်။ ' မဖြစ်နိုင်တာ ' တဲ့။ မလုပ်ရသေးဘူးဗျာ။ မဖြစ်နိုင်တာညည်းနေကြလေရဲ့။ ကျွန်တော် ခုမ အသက်အစိပ်နားကပ်သေးတယ်။သေချင်စော်နံလာပြီ။
လွဲနေပြီမြန်မာရေ။

နားပါရစေဦး

Sunday, November 27, 2016

ရူပ သင်္ချာ လွယ်လွယ်မြန်မြန်တွက်ချင်ရင်

ကလေးတို့ကိုဒီနေ့သင်ပေးချင်တာကတော့ တွက်နည်းအမှန်ကိုပါပဲ။
ကလေးတို့ဟာ ဆရာသိသလောက် ပုစ္ဆာတွက်ရင် ပေးထားချက်က စတွက်တတ်ကြတယ်။ဒါ မဟာ မဟာ အမှားကြီးပါပဲကွယ်။ ပေးတိုင်းသုံးရတာမဟုတ်ဘူး။ ဥပမာ physics အခန်း ၄ ကကြိုးပုစ္ဆာမှာ အပူပေးထားရင်ဘာမှသုံးစားမရဘူးမလား။ဒါကြောင့် ဒီနေ့ရှင်းပြချင်တာက ပုစ္ဆာဘယ်ကစတွက်ရမလဲဆိုတာပါပဲ။
ပုစ္ဆာတစ်ပုဒ်တွေ့ပီဆိုရင် မေးထားချက်ကိုအရင်ချရေးပါ။ပီးမှပေးထားချက်ကို အသုံးချပါ။ ဆရာကဒီနည်းကို သူခိုးဖမ်းနည်းလို့တင်စားပါတယ်။ သူခိုးတစ်ယောက်ဟာ ပစ္စည်းခိုးသွားလို့ သူခိုးကိုသိချင်ရင် အရင်ဆုံးသူခိုးကစရတယ်။ သူကျန်ခဲ့တဲ့ အချက်တွေရှာရတယ်။ သူနဲ့ဖြစ်နိုင်တာအကုန်စဉ်းစားသုံးသပ်ရတယ်။ ဥပမာ ငွေခိုးသွားတာဆိုရင် ခုတလောဘယ်သူငွေတွေဒရဟော သုံးနေသလဲပေါ့။ အစတော့ သုံးသူအချို့တွေ့လိမ့်မယ်။ အဲဒိထဲကမှ ဘယ်သူကအဖြစ်နိုင်ဆုံးလဲ သုံးသပ်ရမယ်။ အဲလိုသုံးသပ်ဖို့အတွေ့ကြုံလိုတယ်။ ဒီလိုပါပဲပုစ္ဆာများ၂တွက်ထားတဲ့လူက ပိုမြန်မြန်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ယေဘုယျအားဖြင့် ပုစ္ဆတစ်ပုဒ်ကို လွယ်၂နဲ့မြန်၂တွက်ချင်ရင် -

၁။ ပုစ္ဆာများများ တွက်ထားပါ
၂။ ပုံသေနည်းအကုန် နားလည်အောင်လုပ်ထားကျက်ထားပြီးဖြစ်ပါစေ
၃။ ပုစ္ဆာကို အစဆုံးသေချာ နားလည်အောင်ဘာသာပြန်ပါ။
၎။ မေးခွန်းမေးထားတာဘာလဲ ဘာကိုလဲ အသေချာသိပါစေ။
၅။ မေးတဲ့မေးခွန်းနဲ့သက်ဆိုင်တဲ့ ပုံသေနည်းအကုန်ချရေးပါ။
၆။ အဲဒီထဲက အသင့်တော်ဆုံးနဲ့ အလွယ်ဆုံး ပုံသေနည်းကို အသုံးချပါ။
၇။ ယူနစ်မှန်မမှန် စနစ်မှန်မမှန်ပြန်စစ်ပါ။

ဥပမာ ။ ။ A car starts from rest and gets an acceleration of 4m/s2 to reach a distance of 8m.What is its  velocity when it reaches there?

ဒီပုစ္ဆာ ကိုတွက်မယ်ဆိုပါစို့။
ပထမပေးထားချက် ရေးပါ
v0 = 0 m\s ( from rest )
a= 4m\s2
s=8m
v=?
ပေးထားချက်အကုန်ရေးပြီးပြီ။
ဒီတခါစဉ်းစားရတော့မယ်။ဒီနေရာဟာအရေးအကြီးဆုံးပါ။
ပေးထားချက်ကစမစဉ်းစားပါနဲ့။ မေးထားချက်ကစစဉ်းစားပါ။
ဆိုတော့ နောက်ဆုံးအလျင် v ကိုမေးထားတယ်။ ဒီတော့ သူနဲ့ပတ်သက်တဲ့ ပုံသေနည်းအကုန်ချရေးပါ အကြမ်းမှာပေါ့။ နောက်ကျွမ်းကျင်လာရင် ဥဏှောက်ထဲမှာပေါ့လေ။

v=s/t , v2=v02+2as,စသည်ဖြင့်ချရေးပါ။
ပီးမှ ပေးထားချက်နဲ့ ကိုက်ညီမညီကြည့်ပါ။
ကိုက်ညီတယ် ဆိုတာက မေးထားတဲ့ v ကလွဲရင် ကျန်တာအကုန်သိတာပြောတာ။ဒါမှ တွက်ရမှာပေါ့။
အတွေ့အကြုံအလေ့အကျင့်ကတော့အရေးအကြီးဆုံးပါ။
ခုပုစ္ဆာမှာဆို အချိန်မပါတာမြင်တာနဲ့ အချိန်မပါတဲ့ပုံသေနည်းဟာ
v2=vo2+ 2as တစ်ခုသာရှိတာတန်းသိလိမ့်မယ်။
နောက်ဆုံးအစားသွင်းရင် အဖြေထွက်ပီပေါ့နော်။

ကလေးများအဆင်ပြေကြပါစေ။

မှတ်ချက်။ ။ ဒီစာစုဟာ ပုစ္ဆာဘယ်ကစတွက်ရမယ်မှန်းမသိတဲ့ ကလေးများအတွက်သာ။ တော်ပြီးတတ်ပြီး ဆရာ တပည့်များကိုဆရာခံခြင်းမဟုတ်ပါ။ လမ်းညွှန်မှုကိုခံယူပါမည်။

အောင်မြတ်
၂၈.၁၁.၂၀၁၆

Friday, November 25, 2016

ရူပဗေဒကို ကလေးနားလည်အောင် သွယ်ဝိုက်ရှင်းပြမယ်

ဆရာတို့ P=F/A ဆိုတဲ့ ဖိအားညီမျှခြင်းမှာ လူအများစုဟာ A နဲ့  P ဟာပြောင်းပြန်ဖြစ်တယ် ။ ဖိတဲ့အရာဝတ္ထုရဲ့အောက်ခြေမျက်နှာပြင် ကြီးရင် ဖိအားနည်းပြီး ငယ်ရင်ဖိအားများတယ်ရှင်းပြရင် ကလေးတွေနားလည်မှုခက်ပီပေါ့။ မျက်နှာပြင်ကြီးက ဖိမှတော့ ဖိအားများမှာပေါ့။ မျက်နှာငယ်ကဖိမှတော့ ဖိအားငယ်တာပေါ့။ တနည်းဆိုရရင် စိုက်အားလို့ပြောပါဆရာပြောကြလိမ့်မယ်။ သူတို့တွေးတာလည်းက လေးအတွေးနဲ့မှန်ပါတယ်။ ဒါကိုဖြေရှင်းပါရစေ။ A ဟာ surface area of body အစစချင်းမပြောပါနဲ့။ A ကို အဖိခံရတဲ့အရာရဲ့အဖိခံမျက်နှာပြင် area လို့စပြောပါ။ ဒီတခါ ပြောပါ။ ဒါကြောင့် အဖိခံမျက်နှာ area ငယ်ရင် ဖိအားက ပိုများနိုင်တယ်။ အဖိခံမျက်နှာပြင် area ကပိုကျယ်/ များရင် ပိုခံနိုင်လို့ ဖိအားနည်းတယ်။ အဲလိုရှင်းပါ။ ဒါမဲ့ အဖိခံမျက်နှာပြင် နဲ့ ဖိတဲ့ဝတ္ထုမျက်နှာပြင်ဟာ တထပ်တည်းထိနေတာမို့ အတူတူဖြစ်တယ်။
ဒါကြောင့် A ဟာ surface area of bodyဖြစ်လာတယ်ရှင်းပါ။
ကလေးများနားလည်ကြပါစေ။
ဆယ်တန်းကို ဂုဏ်ထူးများနဲ့အောင်မြင်ကြပါစေ။

တက္ကသိုလ်ဝင်တန်း ကျောင်းသားသူများအတွက်

စာမေးပွဲကနီးလာပြီး guide လည်းမယူနိုင်သူများ
ဆရာ့ blog မှာအချိန်မရွေးစာမေးနိုင်ပါတယ်
ပညာဒါနကုသိုလ်ယူပါရစေ

Saturday, November 5, 2016

သမီးလေးနားလည်ပေးဖို့

သမီးလေးရယ် ပထမဦးဆုံး အဖေ့ရင်ထဲက နှိုက်နှိုက်ကာကာပြောချင်တာကတော့ တောင်းပန်ပါတယ် ဆိုတဲ့စကားလုံးလေးပါကွယ်။ သမီးလေးက အသိမရင့်သေးတော့ စိတ်မကောက်တတ်မှန်းဖေကြီးသိပါတယ်။ဒါမဲ့ ဖေကြီးမသိတတ်တဲ့ကလေးလေးဆိုပေမယ့် ဖေကြီးရဲ့အမှားအတွက် သမီးလေးကစိတ်မဆိုးပေမယ့် စိတ်မလုံမိဘူးကွယ်။ အဲဒိနေ့က ဖေကြီးတကယ်ပါကွယ် သမီးလေးဆေးထိုးထားတယ်ဆိုတာတောင် သတိတကယ်မဲ့ခဲ့မိပါတယ်။ ဖေကြီးအလုပ်တွေမှာပဲ စိတ်နစ်နေခဲ့မိတယ်။ ဝင်ငွေအတွက်ရုံးကန်နေရတဲ့ဖေကြီးမှာ သမီးလေးအတွက်အချိန်မပေးနိုင်ခဲ့ဘူးကွယ်။ဖေကြီးကိုဖေကြီးမုန်းမိတယ်။ ဒါမဲ့သမီးလေးရယ် ဖေကြီးတို့ဝန်ထမ်းဘဝဆိုတာ တကယ်တော့ပြည်သူတွေအတွက် တာဝန်ချိန်အပြည့်တာဝန်ထမ်းဆောင်နေရတဲ့ ပြည့်သူ့ဝန်ထမ်းပါကွယ်။ အိမ်ပြန်လာချင်ပေမယ့် သမီးလေးနဲ့တွေ့ချင်ပေမယ့် အချိန်မရတဲ့ဖေကြီးမှာ သမီးလေးရဲ့ဓာတ်ပုံလေးတွေ ကြည့်ရင်းပဲ လွမ်းနေရရှာတာပါကွယ်။ သမီးလေးရဲ့ပါးပြင်နုနုလေးကို သတိရတိုင်း ဖေကြီးဓာတ်ပုံလေးကို ဖွဖွလေးနမ်းနေမိတယ်လေ။ ဝန်ထမ်းဆိုတော့ လစာကလည်းတမိသားစုလုံးမစားရလောက်တော့ သမီးမေမေကိုလည်း ဖေကြီးမျက်နှာမပြရဲတာလည်းပါတာပေါ့ကွယ်။ ဒါတွေရဲ့နောက်ကွယ်မှာတော့ သမီးလေးကိုအဖေကြီးဘလောက်ထိ ချစ်တယ်ဆိုတာတော့ အကြွင်းမဲ့ယုံပါကွယ်။ တလောကဆို ဖေကြီးသမီးလေးအိမ်နားက ကျောင်းမှာလာပီးအစည်းဝေးတက်ရတာတောင် သမီးလေးမျက်နှာလာကြည့်ခွင့် အချိန်မရခဲ့ဘူး။ ဝန်ထမ်းတစ်ယောက်ရဲ့ဘဝ ကိုသမီးကြီးလာရင်နားလည်မှာပါကွယ်။ ဖေကြီးသမီးလေးကိုပြောပြချင်တာက လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာပဲ အကောင်းဆုံးလုပ်နိုင်မယ်။ ဘလောက်ပဲ တော်တော် နေရာတိုင်းတော့ မတော်နိုင်ပါဘူးကွယ်။
ဒီစာစုကို ခုသမီးလေးမဖတ်တတ်သေးပေမယ့် သမီးကြီးလာတဲ့တနေ့ကျရင် သမီးလေးဖတ်ဖို့ အဖေရေးဖြစ်တယ်။

၈ ၁၁ ၂၀၁၆ အင်္ဂါ