ကျွန်တော်ကပါရဂူကြီးတစ်ယောက်တော့မဟုတ်ဘူးပေါ့
ဒါမဲ့ ကို့အတွေ့ကြုံလေးကိုမျှဝေတာမျိုးပေါ့
ဆရာကြီး မောင်ဒီပကိုအားကျတာမျိုးလည်းပါတယ်လေ။
တကယ့်အဖြစ်ပျက်ပါ
လွန်ခဲတဲ့နှစ်တချို့က ကယ်တင်ရှင်ဆိုတဲ့နာမည်နဲ့ နှစ်ကျနေတဲ့ကလေးတွေကို ကယ်တင်ပေးဖို့ဆုံးဖြတ်ခဲ့ဖူးတယ်။အဲဒီတုန်းက ကလေးမလေးတစ်ယောက်ပါလာတယ်။ သူ့နာမည်က ပန်းဝတ်ရည်တဲ့။ သူက ၃ နှစ်တောက်ကျထားတာ။ ဒါနဲ့သူ့အခြေနေကလည်းအတော်ကောင်းတယ်။ကျစရာကိုမရှိပါ။ အဲဒီကလေးမလေးမှာကဇတ်လမ်းနဲ့။ သူ့ကို စုန်းပြုထားဆိုပဲ။ ကိုင်ထားတယ်ပေါ့လေ။ တခါတလေသူဝတ်ထားတဲ့အဆောင်တွေတောင်လေထဲပျောက်ထားဆိုပဲ။ ဘယ်လိုချွတ်ချွတ် စုန်းကနိုင်နေတယ်တဲ့။ ဒါနဲ့ပဲ စာမေးပွဲနီးပီးဆိုရင် နေမကောင်းအောင်လုပ်ပြီး စာမေးပွဲမဖြေနိုင်အောင်လုပ်တော့တာပဲတဲ့။ ဟုတ်လည်းဟုတ်တယ်ဗျ။ ကျွန်တော်နဲ့စာကျက်တာ ည ၈ နာရီဆိုသူမကို စုန်းဝင်ပူးတော့တာပါပဲ။ အချိန်မှန်ပါပဲ။ တကိုယ်လုံး ထုန်ကျဉ်တက်လာပဲ လည်ပင်ကြော ဇက်ကြောတယ်တက်လို့ စာမဖတ်ချင်တော့ဘူးဆရာ အိပ်ပါရစေပဲပြောနေတယ်။ နေ့တိုင်း။ နှစ်ဝက်ရောက်တော့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ရတယ်။ သူမစုန်းပြုစားခံရတော့မယ့်အချိန် ည ၈ နာရီလောက်ဆိုရင်
ကျွန်တော် တုတ်အကြီးကြီးတစ်ချောင်းကိုင်ထားတယ်။
အိပ်ချင်ရင် နရင်းကိုဆော်မှာနော်လို့ကြိမ်းဝါးလိုက်တယ်။ ကျွန်တော်ပဲကံကောင်းတာလားမသိဘူးဗျာ။သူမကိုစုန်းမပြုနိုင်တော့ဘူးလေ။ အချိန်တန်တော့ စာမေးပွဲကို ဂုဏ်ထူးမှတ်နဲ့ကပ်လို့အောင်ရှာတယ်။ အဲဒိနေ့ကစလို့ ဘာပြုစားသံမျှမကြားရတော့ဘူးဗျ။ ပြုစားတာလား ပျင်းလို့ဇတ်လမ်းဆင်တာလားကျွန်တော်လည်းမသိဘူးဗျ။
ဘာပဲဖြစ်ဖြစ် သူလာကန်တော့သွားတဲ့ ပုဆိုးလေးကိုမြင်တိုင်း အဲဒိအဖြစ်ပျက်လေးကို သတိရမိဆဲပေါ့ တပည့်မလေး။
No comments:
Post a Comment